Showing posts with label နည်းပညာ ဆောင်းပါး. Show all posts
Showing posts with label နည်းပညာ ဆောင်းပါး. Show all posts
Friday, January 1, 2016
DDOS အကြောင်း
DDOS အကြောင်းလေးရေးပေးချင်တယ်....Attacker တစ်ယောက်ဖြစ်ရင်ဒါတွေသိထားဖို့တော့လိုမယ်.....အားလုံးသိအောင်Attacker များရှဲပေးစေချင်တယ်.......
Ddos အကြောင်းကို သာမန် user တွေနားလည်အောင် ရှင်းပြပေးပါ့မယ်
ဥပမာ ကျွန်တော်တို့ပုံမှန် website တစ်ခုကိုသုံးမယ်ဆိုရင် webaddress ကို browser ကနေရိုတ်ဖွင့်ရမယ်
အဲမှာ browser က webserver ကိုချိတ်ဆက်ပေးမယ် request လုပ်မယ်ပေါ့
စကားနဲ့ပြောရရင် server ဆိုတာ တောင်းသမျှပေးရတဲ့အမျိုးဗျ browser က တောင်းဆိုတဲ့ request ကို webserver က ပြန်ချပေးရတယ် html codeအနေနဲ့ပေါ့ အဲဒီ code ကို browser က ဖတ်ပြီးဘာသာပြန်ပြီး ကျွန်တော်တို့မြင်ရတဲ့ web page ကိုပုံဖော်ပေးတာ ဟုတ်ပြီ တောင်းသမျှထုတ်ပေးရမှာ server တာဝန် ဒီတော့ user က တစ်ချိန်တည်းမှာ request တွေအများကြီးတောင်းခံမယ် ပို့လွှတ်မယ်ဆိုရင် ? Ddos က ဒီအချက်ကိုအဓိကထားတယ်တော်ယုံserver နဲ့လုပ်ထားနဲ့လုပ်ထားတဲ့web တွေမှာ လူသုံးများတာနဲ့ တစ်ခါတစ်ရံ overload ဖြစ်သွားပြီး လေးတာ ကျတာတွေဖြစ်တက်တယ်
ဒါပုံမှန်သုံးနေတဲ့အတိုင်းပြောတာနော်
Ddos ကို attacker က သုံးမယ်ဆိုရင် ipတစ်ခုတည်းက request ပေါင်းများစွာ ပို့လွှတ်တာဖြစ်လို့ သာမာန်ပုံမှန်အသုံးပြုသူ များစွာ သုံးစွဲနိုင်တဲ့ source ကို တစ်ယောက်တည်း သုံးပစ်လိုက်တာနဲ့ အတူတူပဲ ဥပမာ web server က လူ၅ရာ တစ်ပြိုင်တည်းဝင်သုံးဖို့ ခံနိုင်ရည်အားရှိတယ် ဆိုပါစို့
ပုံမှန်သုံးသူက တစ်ရာလောက် ဝင်သုံးမယ် ရသေးတယ် အဲအချိန်မှာ attacker တစ်ဦးက လူ၂၀၀အားနဲ့ ညီမျှတဲ့  ddos ကြွေးပလိုက်မယ် ဒါဆို ဆိုဒ်ကလေးကန်လာပြီနောက် attacker တစ်ယောက်ပါဝင်လာပြီ သူလဲ လူ၃၀၀ အားကိုတစ်ယောက်တည်းနဲ့ သုံးပသ်လိုက်မယ် အဲမှာ အသုံးပြုသူ ၆၀၀ မူလခံနိုင်ရည် ၅၀၀ ဖြစ်လို့ over ဖြစ်နေပြီ အဲအချိန် နောက်ထပ် attacker ပေါင်းများစွာက တစ်ပြိုင်တည်း သာမန်ထက်ပိုတဲ့ request တွေပို့လွှတ်မယ်ဆိုရင် မနိုင်ဝန်ထမ်းရတဲ့အတွက် ဆာဗာတစ်ခုလုံးဒေါင်းသွားနိုင်ပါတယ် ဒါက ddos ရဲ့အခြေ ခံသဘောတရားပါ... Ip တစ်ခုမှာ port ပေါင်းများစွာရှိတက်တယ် ဥပမာ 80ဆိုရင် Web page 21ဆို ftp အဲလိုပဲ mail pop တို့ smpt port တို့ရှိတယ် ဘယ် server ကိုပစ်မှတ်ထားတိုက်ခိုက်မလဲဆိုတာ ရွေးရတယ် အများဆ်ူံးက 80 နဲ့ dns port 53ကိုသမတာများတယ် ဒါက သူ့ web ကဘာကိုအသားပေးလဲကြည့်ရမယ် Ipတွေ ခွဲပြီး ဒိုမိန်းရောင်းစားနေတဲ့web ဆိုရင် dnsနဲ့ကစ်တယ်
ရောင်းကုန်တွေတင်ပြီး mail နဲ့ချိတ်ဆက်အလုပ်လုပ်နေရင် Smpt /pop ကိုကစ်တယ် အဲလိုတွေလဲရှိသေးတယ် ပုံမှန်ကိုက အလုပ်များနေတဲ့ serviceကို သမရင် အလွယ်ကျတယ်လေ ......ဒါ DDOS တိုက်ခိုက်ချင်းရဲ့ အခြေခံသဘောတရားပါ...... Myanmar Attacker များကို....ခုလိုအချိန်မှာ လက်တွဲမခေါ်ဘူးဆိုရင်......နောက်တချိန်.....Myanmar မှာ Hacker ဆိုတာ ရှိမှာမဟုတ်တော့ပါဘူး......ဒါကြောင့်အားလုံးကိုလက်တွဲခေါ်စေချင်ပါတယ်......စီနီယာများအားလုံးလေးစားလျှက်ပါ........
Credit ; Ko Naing Min Htun
Thursday, October 8, 2015
Electronic Fuel Injection စနစ်အခြေခံ အကြောင်း
*** EFI လောင်စာဆီပို့စနစ် အခြေခံ ***
ခေတ်ဟောင်းကားတွေမှာ လောင်စာဆီပို့စနစ်ကို ကာပရိုက်တာ ကလုပ်ပေးပါတယ်။ ဓာတ်ဆီအင်ဂျင် တစ်လုံးမှာ လေနဲ့ ဓာတ်ဆီအချိုးကျ ရောစပ်ပေးတဲ့အလုပ်ကို ကာပရိုက် တာလုပ်ပေးပါတယ်။ ဓာတ်ဆီအင် ဂျင်တစ်လုံးရဲ့ လည်ပတ်နေတဲ့အခြေ အနေအမျိုးမျိုးကိုလိုက်ပြီး လိုအပ်တဲ့ လေနဲ့ လောင်စာအချိုးကို ကာပရိုက် တာစနစ်က အကောင်းဆုံးလုပ်မပေး နိုင်ပါဘူး။ ဆီများသွားတာလည်းရှိ မယ်။ ဆီနည်းတာလဲရှိမယ်။ အား နည်းချက်တွေကတော့ အများကြီးပါ ဘဲ။ ဆီရောစပ်ပေးနိုင်တာမမှန်တဲ့အ တွက် အိတ်ဇောအီမစ်ရှင်းတွေများပြီး လေထုညစ်ညမ်းမှုတွေဖြစ်စေပါတယ်။ EFI စနစ်ကတော့ အင်ဂျင်လည်ပတ် မှုအခြေအနေကိုလိုက်ပြီး လေနဲ့ လောင်စာဆီအချိုးအစားရောစပ်မှုကို အကောင်းဆုံးလုပ်ပေးနိုင်တယ်။ EFI ဆိုတဲ့စကားလုံးက Electronic Fuel Injection ရဲ့ အတိုကောက်ခေါ်ဆို တာပါ။ EFI စနစ်မှာ Injector တွေ က လောင်စာဓာတ်ဆီကို အမှုန်အ မွှားလေးတွေအဖြစ် ဖြန်းပေးတယ်။ ဆီပမာဏနဲ့ ဆီပန်းပေးတဲ့ Timing အချိန်ကိုက်ကို ကွန်ပျူတာက ထိန်းချုပ်ပြီး အမိန့်ပေးပါတယ်။ အင်ဂျင်မှာ တပ်ဆင်ထားတဲ့ အာရုံခံဆင်ဆာ တွေက အင်ဂျင်ရဲ့ အခြေအနေသတင်းအချက်အလက်တွေကို ထောက် လှမ်းအာရုံခံပြီး ကွန်ပျူတာကို သတင်း ပို့ပေးတယ်။ ကွန်ပျူတာက အဲဒီအ ချက်အလက်တွေကို အခြေခံပြီး အင် ဂျင် speed, ရုန်းကန်ပေးရမဲ့ဝန်အား (load) နဲ့ အင်ဂျင်လည်ပတ်မှုအခြေ အနေအမျိုးမျိုးကို ဆုံးဖြတ်ပေးပါ တယ်။
ဓာတ်ဆီလောင်စာသုံး၊ အင်ဂျင် တစ်လုံးမှာ လေနဲ့ လောင်စာဆီရော စပ်မှုအမျိုးအစားက အရေးကြီးပါ တယ်။
အကောင်းဆုံးပြည့်ဝစွာ မီး လောင်ပါက်ကွဲမှုတစ်ခုဖြစ်ဖို့အတွက် လေနဲ့ လောင်စာဆီ(ဓာတ်ဆီ)အချိုး အစားဟာ (14.7:1) ဖြစ်ရပါတယ်။ လောင်စာဆီ ၁ ဆကို လေ(အောက် ဆီဂျင်) (14.7) ဆနဲ့ ရောနှောထား တဲ့ Air Fuel mixture ဖြစ်မှာ အပြည့်အဝမီးလောင်ကျွမ်းပါတယ်။
ဓာတ်ဆီအင်ဂျင်တစ်လုံးမှာ ဆလင်ဒါအတွင်းကို လေနဲ့ လောင်စာဆီအချိုးကျရောစပ်ထားတဲ့ လေ လောင်စာဆီအရောအနှောဝင်ရောက်ပြီး ပစ္စတင်ပြန်တက်လာတဲ့ Compression Stroke အဆုံးမှာ spark plug မှ အချိန်ကိုက်မီးပွားပွင့်ပေးတာ ကြောင့် မီးလောင်ပေါက်ကွဲပြီး အင်ဂျင်လည်ပတ်တာဖြစ်တယ်။ ဆီများ ပြီး လေနည်းတဲ့ အရောအနှောကို Rich mixture လို့ခေါ်ပါတယ်။ ဆီနည်းတဲ့ အရောအနှောကို Lean mixture လို့ခေါ်ပါတယ်။ Rich mixture မှာ လေနည်းပြီး ဆီပမာဏများ နေတဲ့အတွက် အပြည့်အဝမီးမလောင် နိုင်ပါဘူး။ အောက်ဆီဂျင်နည်းနေတဲ့ အတွက် မီးလောင်ပြီးထွက်လာတဲ့ အိတ်ဇောဓာတ်ငွေ့တွေမှာ ကာဗွန် မိုနောက်ဆိုဒ်ဓာတ်ငွေ့တွေ ပါနေတာ ကြောင့် လေထုညစ်ညမ်းမှုဖြစ်မယ်။ ဆီနည်းတဲ့ Lean mixture အရော အနှောမှာလည်း ပေါက်ကွဲအားကျ ဆင်းပြီး ပါဝါစွမ်းအား အထွက်နည်း နေမယ်။
ဓာတ်ဆီအင်ဂျင်တစ်လုံးဟာ လည်ပတ်မှုအခြေအနေအမျိုးမျိုးမှာ အကောင်းဆုံး လေ၊ လောင်စာအချိုး (14.7:1) ဖြစ်ပေါ်နေမှ စွမ်းအားအ ပြည့်အဝရရှိပြီး အပြည့်အဝလောင် ကျွမ်းမှုကြောင့် လေထုညစ်ညမ်းမှု လျော့နည်းစေပါတယ်။ လောင်စာဆီ ထိရောက်မှုရှိပြီး ဆီစားသက်သာပါ တယ်။ ဒီလိုအခြေအနေမျိုးကို ကာပ ရိုက်တာစနစ်က လုပ်ဆောင်နိုင်စွမ်း မရှိပါဘူး။ EFI စနစ်ကသာ အင်ဂျင် အခြေအနေအမျိုးမျိုးအတွက် လိုအပ် တဲ့ဆီပမာဏကို ကွန်ပျူတာက ထိန်း ကျောင်းပြီး ပို့ပေးနိုင်ပါတယ်။
EFI စနစ်က ၁၉၈၀ ခုနှစ် လောက်မှာ ပေါ်ပေါက်လာခဲ့ပါတယ်။ ပထမဆုံး စတင်ပေါ်ပေါက်တဲ့စနစ်က Throttle Body Injection စနစ်ပါ။ Intake Manifold အဝင်သင့်လျော် တယ်။ ဘော်ဒီမှာ အပေါက်ဖောက် ပြီး Injector ၁ လုံး သို့မဟုတ် ၂ လုံးက လောင်စာဆီကိုဖြန်းပေးပါ တယ်။ ဒီစနစ်မှာလည်း အားနည်း ချက်တွေရှိတာကြောင့် Multiport fuel Injection စနစ်ကို တီထွင်လာ ကြပါတယ်။ စတင်ပေါ်စက အီလက် ထရွန်နစ်နည်းကို အပြည့်အဝအသုံး မချနိုင်သေးပါဘူး။ ၁၉၈၀ ဖြည့်လွန် နောက်ပိုင်း ၁၉၉၀ လောက်မှာ အီ လက်ထရွန်နစ်စနစ်ကို အပြည့်အဝ သုံးထားတဲ့ EFI စနစ်တွေပေါ်လာပါ တယ်။ ဒီကနေ့မျက်မှောက်ကာလမှာ တော့ ကွန်ပျူတာထိန်းချုပ်တဲ့ အီလက်ထရွန်နစ်စနစ်သုံး Injector တွေဘဲ သုံးလာကြပါတယ်။
၂၀ဝ၀ ပြည့်နှစ်နောက်ပိုင်းမှာ Gasoline Direct Injection (GDI) စနစ်ဆိုပြီး တီထွင်ခဲ့ကြပါတယ်။ ဒီစနစ်မှာတော့ ဆလင်ဒါတစ်လုံးချင်းကို Injector တစ်လုံးချင်းက တိုက်ရိုက် ဆီဖြန်းပေးတာဖြစ်ပါတယ်။ အင်ဂျင် မီးလောင်ပေါက်ကွဲခန်းထဲအရောက် Injector က လောင်စာဆီတိုက်ရိုက် ဖြန်းပေးတာပါ။ GDI စနစ်မှာ ဒီဇယ် အင်ဂျင်နဲ့ ပုံစံတူပါတယ်။ Injector တွေက ဆီဖြန်းပေးတဲ့ Pressure ဖိအားက Multiport Fuel Injection စနစ်ထက် ပိုများပါတယ်။ လောင်စာ ဆီစားနှုန်းသက်သာမှုနဲ့ ပါဝါစွမ်းအင် ပိုမိုရရှိမှုမှာတော့ ၁၅ ရာခိုင်နှုန်းကနေ ၂၅ ရာခိုင်နှုန်းလောက်အထိ တိုးတက် လာပါတယ်။ GDI စနစ်ကို အသုံးပြု ထားတဲ့ ကားအမျိုးအစားတွေကတော့ Vosklwagen TDI, Mazda direct injection engine, Chevrolet Eco Tech အင်ဂျင်၊ Ford Eco Boost နဲ့ Mitsubishi Pajero GDI အင်ဂျင်များ ဘဲ ဖြစ်ပါတယ်။ EFI (Electronic Fuel Injection) စနစ်ဖွဲ့စည်းတည်ဆောက်ပုံ ဒီဇိုင်းတွေဟာ ထုတ်လုပ်တဲ့ကုမ္ပဏီ ကိုလိုက်ပြီး အသေးစိတ်လုပ်ဆောင် ပုံနည်းစနစ်တွေမှာ ကွဲပြားခြားနားနိုင် ပါတယ်။ ဒါပေမဲ့ အခြေခံသဘော တရားတွေကတော့ အားလုံးအတူတူ ပါဘဲ။ EFI စနစ်မှာ လောင်စာဆီကို ကွန်ပျူတာထိန်းချုပ်ပြီး Injector တွေကနေ တစ်ဆင့် ဆလင်ဒါတစ် လုံးချင်းကို လောင်စာဆီဖြန်းပေးတယ်။
EFI စနစ်မှာ အင်ဂျင်လည်ပတ် ဖို့ အခြေအနေတွေဖြစ်တဲ့ အင်ဂျင်လည်ပတ်နှုန်း (RPM)၊ အဝင်လေအပူချိန်၊ အအေးခံရည်ရဲ့အပူချိန်၊ Throttle Valve Position, အိတ်ဇော အငွေ့ထဲမှပါလာတဲ့ အောက်ဆီဂျင် ပမာဏစတဲ့ အချက်အလက်တွေကို မူတည်ပြီး ကွန်ပျူတာက ဆီပို့ပေးရ မယ့်ပမာဏနဲ့ ဆီဖြန်းတိုင်မင်တွေကို တွက်ချက်ပြီး အမိန့်ပေးညွှန်ကြား တယ်။ ECU (Electronic Control Unit) ခေါ် ကွန်ပျူတာက ညွှန်ကြား တဲ့အတိုင်း Injector တွေက တိကျ တဲ့လောင်စာပမာဏကို ဖြန့်ဝေပေး တယ်။ ဒါကြောင့် EFI အင်ဂျင်တွေ ဟာ ပြောင်းလဲနေတဲ့အခြေအနေတွေ အပေါ်မှာမူတည်ပြီး ယာဉ်မောင်းသူ စေခိုင်းသမျှကို လိုအပ်သလို အ ကောင်းဆုံးလုပ်ပေးနိုင်တယ်။ ဆီစား သက်သာပြီး အီမစ်ရှင်းထုတ်လွှတ်မှု လည်းနည်းတယ်။ EFI စနစ်က ကာပ ရိုက်တာစနစ်ထက် Fuel Efficiency အပြည့်အဝပေးနိုင်တယ်။
EFI စနစ်ကို Fuel Supply System, Sensing System နဲ့ Data Procesing Fuel Metering System ဆိုပြီး အကြမ်းအားဖြင့် ၃ မျိုးခွဲ ပြီး ရှင်းလင်းပါ့မယ်။
Fuel Supply System
အင်ဂျင်အတွက် ဆီဖြန့်ဝေပေး ဖို့ အခြေခံအစိတ်အပိုင်းတွေပါဝင်ပါ တယ်။ Electrical Fuel Pump ကို လောင်စာဆီတိုင်ကီထဲမှာထားတယ်။ ဆီထဲမှာနစ်မြှုပ်နေတဲ့ Fuel Pump က ကားသော့ဖွင့်လိုက်တာနဲ့ ဆီတွေ မောင်းပို့တယ်။ ဆီပိုက်လိုင်းကတစ်ဆင့် ဆီစစ်ဘူးကိုဖြတ်ပြီး သန့်စင်စေတယ်။ သန့်စင်ပြီးလောင်စာဆီတွေ ဟာ Fuel Rail လိုင်းထဲမှာ သတ်မှတ် ဖိအားအတိုင်းရှိတယ်။ Fuel Rail နဲ့ Injector တစ်လုံးချင်းကို ပိုက်နဲ့ဆက် ထားတယ်။ ကွန်ပျူတာညွန်ကြား ထိန်းကျောင်းမှုအောက်မှာရှိနေတဲ့ Injector တွေဟာ အင်ဂျင်လည်ပတ် မှုအခြေအနေပေါ်မူတည်ပြီး ဆီဖြန်း ပေးတယ်။ Fuel Rail လိုင်းထဲမှာရှိတဲ့ လောင်စာဆီတွေရဲ့ ဖိအား Pressure ကို Regulator က ထိန်းချုပ်ပေး တယ်။ ပိုလျှံတဲ့ဆီတွေကို Return ပိုက်လိုင်းကနေတဆင့် ဆီတိုင်ကီထဲ ပြန်ဝင်တယ်။
Sensing System
အင်ဂျင် ECU (Electronic Control Unit) နဲ့ ဆက်သွယ်ထားတဲ့ အာရုံခံဆင်ဆာတွေဟာ အင်ဂျင်ရဲ့ လည်ပတ်မှုအခြေအနေတွေကို သတင်းပေးပို့နေတဲ့ ထောက်လှမ်းရေး တွေဖြစ်တယ်။ အာရုံခံဆင်ဆာတွေက သတင်းအချက်အလက်တွေရမှ ECU က တွက်ချက်ပြီး အင်ဂျင်ကို ထိန်း ချုပ်ညွန်ကြားနိုင်မယ်။ အာရုံခံဆင်ဆာ တွေကတော့ Air Flow Sensor, Oxygen Sensor, Throttle Position Sensor, Coolant temperature Sensor, Engine Speed Sensor, Manifold Absolute Pressure Sensor, Voltage Sensor, Intake Air Temperature Sensor တို့ဖြစ်ပါတယ်။
Data Procesing Fuel Metering System
ကွန်ပျူတာ ECU ဟာ အာရုံခံ ဆင်ဆာတွေကနေ ပေးပို့လာတဲ့ အင်ဂျင်ရဲ့ အခြေအနေအချက်အလက် တွေကို Memory မှာ မှတ်သားထား ပြီး အင်ဂျင်အတွက် အကောင်းဆုံး လေ၊ လောင်စာဆီအချိုး (14.7:1) ရဖို့ တွက်ချက်ပေးတယ်။ ပြီးတော့ Injector တွေကို အမိန့်ပေးညွန်ကြား တယ်။ Injector Valve ဖွင့်ချိန်၊ ပိတ် ချိန်ဟာ မီလီစက္ကန့်လောက်ဘဲ အချိန်အရမ်းတိုတောင်းတယ်။ njector တစ်လုံးပွင့်တာ၊ ပိတ် တာဟာ Duty Cycle တစ်ခုဘဲ အင်ဂျင်အတွက် လောင်စာဆီများများလို အပ်ချိန်မှာ Injector ဖွင့်ချိန် (Pusle Width) ကို များပေးထားပြီး ပိတ်ချိန် ကို နည်းပေးထားတယ်။ EFI စနစ်မှာ သုံးတဲ့ Injector ပုံစံအမျိုးမျိုးရှိတယ်။ လျှပ်စစ်သံလိုက်နဲ့ အဖွင့်၊ အပိတ် လုပ်ပေးတဲ့ Solenoid Operated Injector တွေဖြစ်တယ်။ Solenoid ဆိုတာ သေးမျှင်တဲ့ဝါယာကွိုင်ခွေတစ် ခုပါဘဲ။ D.C လျှပ်စစ်ဓာတ်ပေးလိုက်ရင် ဝါယာကွိုင်ဟာ လျှပ်စစ်သံလိုက် ဖြစ်သွားပြီး အာမေချာကိုဆွဲမပေးတာ ကြောင့် Injector Needle Valve ကို ပွင့်သွားစေတယ်။ Needle Valve ပွင့်သွားတာနဲ့ ဖိအားနဲ့ တွန်းထားတဲ့ လောင်စာဆီတွေ Injector ထိပ်ဖျား အပေါက်ကလေးကနေ ပန်းဖြာပြီး ထွက်လာတယ်။ ECU က လျှပ်စစ် ဓာတ်ကိုဖြတ်တောက်လိုက်တာနဲ့ Solenoid ထဲမှာ သံလိုက်ဓာတ် ပျောက်သွားပြီး စပရိန်တွန်းကန်အား ကြောင့် Needle Valve ပြန်ပိတ်သွား တယ်။
Injector ထိပ်မှာ ဓာတ်ဆီတွေ ယိုစိမ့်ရာကနေ မလောင်ဘဲ ဗားနစ်ချိုး လိုကပ်တွယ်ပြီး အပေါက်ပိတ်စေ တယ်။ Injector ဆီဖြန်းပေးတဲ့ ဆီးပန်း spray ပုံစံကို ဖျက်စီးစေတယ်။ Injector မှာ ချေးပိတ်နေပြီး ဆီ ကောင်းကောင်းဖြန်းမပေးနိုင်ရင် အင် ဂျင်လည်ပတ်မှု ပုံမှန်မဟုတ်တော့ဘဲ ချွတ်ယွင်းချက်ဖြစ်လာနိုင်ပါတယ်။ Injector တွေ သန့်ရှင်းနေအောင် ထိန်းသိမ်းပေးလမှ EFI စနစ်ကောင်း ကောင်း အလုပ်လုပ်နိုင်ပါတယ်။ လောင်စာဆီထဲမှာ Injector Cleaner ဆေးရည်ရောစပ်ပြီးသုံးရငှ်ုညနြခအသမ ထိပ်ကချေးတွေကို သန့်ရှင်းစေပါ တယ်။
Credit -
ဆရာ KMA
(သိပ္ပံနှင့်နည်းပညာ)
Monday, August 17, 2015
Unicode ဘာကြောင့် အသုံးပြု သင့်သလဲ
(Zawgyi)
Unicode ဘာကြောင့် သုံးသင့်သလဲ
=================================
မြန်မာ ယူနီကုတ်ဆိုသည်မှာ မြန်မာအက္ခရာတစ်လုံးချင်းစီအတွက် သီးခြားသတ်မှတ်ပေးထားသော တိကျသည့် ဘုံသုံးစနစ် (U 1000 မှ U 109F အတွင်းရှိ အက္ခရာများ)
(Unicode)
မြန်မာအက္ခရာတစ်လုံးချင်းစီအတွက် သီးခြားသတ်မှတ်ပေးထားသော တိကျသည့် ဘုံသုံးစနစ် (U 1000 မှ U 109F အတွင်းရှိ အက္ခရာများ)
This article is titled in another language/script, because there is no suitable name in Myanmar language yet.
Unicode ဆိုသည်မှာ နိုင်ငံနှင့်လူမျိုးတိုင်းတွင် အသုံးပြုလျက်ရှိသော အက္ခရာစာလုံးများအတွက်
မည်သည့် Platform တွင် ဖြစ်စေ
မည်သည့် Program တွင် ဖြစ်စေ
မည်သည့် ဘာသာစကား language တွင် ဖြစ်စေ
သီးခြားသတ်မှတ်ပေးထားသည့် နံပါတ်များဖြစ်သည်။ Unicode ဆိုသည်မှာ ကမ္ဘာသုံးဘာသာစကား အားလုံးမှ အက္ခရာစာလုံး တစ်လုံးတိုင်းအတွက် တိကျသော နံပါတ် တစ်လုံးတည်းသာ သတ်မှတ်ပေးသော ဘုံသုံးစနစ်ဟူ၍လည်း ခေါ်ဆိုကြသည်။
Unicode => Universal Character Encoding
Unicode Consortium ခေါ် NGO အဖွဲ့အစည်းမှ တစ်ကမ္ဘာလုံးရှိ ဘာသာစကားများကို သိမ်းဆည်းနိုင်ရန်/စာသားများဖလှယ်နိုင်ရန် တီထွင်ထားသော 16 bit character code set standard ဖြစ်သည်။ ISO (International Organization for Standardization) က ယင်းကို ISO-10646 ဟု သတ်မှတ်ပေးသည်။
Unicode ဖြင့် ဘာသာစကားပေါင်း များစွာကို Font တခုတည်းတွင် ထည့်သွင်းနိုင်ပြီး မည်သည့် ကွန်ပျူတာစနစ်တွင်မဆို အသုံးပြုနိုင်ရမည်ဖြစ်သည်။
Computer ဆိုသည်က ကိန်းဂဏန်းများကိုသာ သိသည်ဟု ယေဘုယျအားဖြင့် ပြောနိုင်သည်။ ကွန်ပျူတာတွင် ဖတ်မှတ်ခြင်း၊ သိမ်းဆည်းခြင်းများကို ကိန်းဂဏန်းများဖြင့်သာ ပြုလုပ်နိုင်သည်။ ယူနီကုဒ်ကို မတီထွင်မီက ကိန်းဂဏန်းတစ်ခုကို သိရှိနိုင်ရန်အတွက် လျှို့ ဝှက်ကိန်းစနစ်များစွာကို အသုံးပြုကြရသည်။ ဘာသာစကား တစ်ခုအတွက် ပြည့်စုံလုံလောက်သော encoding စနစ်များ မရှိပေ။
Myanmar Unicode ၏ သမိုင်းကြောင်း
ASCII code ပေါ်တွင် မြန်မာစာကို encode လုပ်၍ အသုံးပြုခဲ့ကြသည်။ အင်္ဂလိပ် Character set ယာယီ ငှားသုံးခဲ့ကြခြင်းဖြစ်သည်။ ဥပမာ- မြန်မာစာ “က” သည် အင်္ဂလိပ် အက္ခရာ U (ASCII code point 117) ပေါ်တွင် encode လုပ်ထားခြင်းဖြစ်သည်။ သို့သော် ယူနီကုဒ်တွင် “က” နှင့် "u" သည် အက္ခရာတစ်ခုစီ ကွဲပြားနေသည်။ ကွန်ပျူတာက စံတစ်ခုကို သိလာမှသာ တစ်ကမ္ဘာလုံး မည်သည့်ကွန်ပျူတာကမဆို မြန်မာစာကို နားလည်လာပါမည်။ ကွန်ပျူတာက လက်ခံနိုင်သည့် စံ ဆိုသည်မှာ ကကြီးကို U+1000 နှင့် ခခွေးကို U + 1001 အဖြစ် ကုတ်အနေဖြင့် ပုံသေ သတ်မှတ်ပေးရပါလိမ့်မည်။ သတ်မှတ်ရုံသာမက တစ်ကမ္ဘာလုံးရှိ Software Developer များ သိစေရန င့် တပြေးညီအသုံးပြုနိုင်စေရန် သတ်မှတ်ပြီး ကြေညာထားကြရပါလိမ့်မည်။ ထိုသို့ သတ်မှတ်ကြေညာမှု ကို ISO က စံထားပြီးသတ်မှတ်ပေးသည်။
အခြေခံ မြန်မာ Unicode Character Code ကို 1998 ခုနှစ်တွင် သတ်မှတ်အတည်ပြု ပြဌာန်းခဲ့ပြီးဖြစ်ပါသည်။ သို့သော် ထိုအချိန်တွင် ယူနီကုဒ်ကို လိုက်လံအကောင်အထည်ဖော် တီထွင်ဆောင်ရွက်မည့်သူ တစ်ဦးမျှ မြန်မာနိုင်ငံတွင် မရှိခဲ့ပေ။ မြန်မာစာကို ယူနီကုဒ်အဖြစ် သတ်မှတ်ပေးခဲ့စဉ်က ယူနီကုဒ် Consortium အဖွဲ့ကြီးတွင် မြန်မာစာကို ကောင်းစွာ တတ်ကျွမ်းသူ မရှိသည့်အပြင် မြန်မာနိုင်ငံတွင်လည်း Unicode related technologies များကို နားလည်သူ တစ်ဦးမျှ ထွက်ပေါ်လာခြင်း မရှိသေးသဖြင့် ယူနီကုဒ်ဆိုသည်မှာ ချိုနှင့်လား ပြန်မေးရမည့် အချိန်ဖြစ်သည်။ ပေးကားပေး၏၊ မရသေးသည့်သဘောဖြစ်ခဲ့ပါသည်။ အခြားအခက်အခဲတစ်ခုမှာ ထိုအချိန်က Unicode Character Set တွင် မြန်မာစကားလုံး အပြည့်အစုံမပါရှိပဲ မြန်မာစာတွင် မရှိသော စကားလုံးအချို့ပါဝင်နေခဲ့သည့်အတွက် အကောင်အထည်ဖော်သူများအတွက် သတ်မှတ်ရန် စံ တစ်ခုတည်း မရှိခြင်းဖြစ်ပါသည်။
1999 ခုနှစ် နောက်ပိုင်းမှ 2002 ခုနှစ်အထိ မြန်မာစာ ယူနီကုဒ်ကို သုံးစွဲနိုင်အောင် လုပ်ဆောင်နေသူများကို လေ့လာကြည့်ရာတွင် Graphite enabled Padauk သည်သာ ထင်ရှားသော ကြိုးပမ်းမှုတစ်ခုဖြစ်သည်။ မြန်မာယူနီကုဒ်နှင့် ပတ်သက်၍ ပထမဆုံးသော ကြိုးပမ်းမှုမှာ မန္တလေးပရိုဂျက်ဖြစ်မည်ဟု ယူဆရသည်။ ဩစတေးလျနိုင်ငံမှ ကိုဇော်အောင် ဦးဆောင်၍ ကမ္ဘာတစ်ဝှမ်းလုံးမှ မြန်မာများစုစည်းကာ Source forge တွင် မန္တလေးပရိုဂျက် [၁] ကို တည်ထောင်၍ Opensource Myanmar Language Processing စနစ် ကြိုးပမ်းဆောင်ရွက်ခဲ့သော်လည်း မန္တလေး ပရိုဂျက်မှာ တစ်ဝက်တစ်ပျက်ဖြင့် ရပ်တန့်နေခဲ့ ပါသည်။ မြန်မာစာလုံးအပြည့်အစုံကို ယူနီကုဒ် Consortium မှ တရားဝင်စံသတ်မှတ်ပေးရန် ထိုအဖွဲ့မှကြိုးစားခဲ့သော်လည်း ထိုစဉ်က အောင်မြင်မှု မရရှိခဲ့ပါ။
2002 ခုနှစ်၊ ဒီဇင်ဘာလ ရောက်မှ ကိုငွေထွန်း က မြစေတီ ယူနီကုဒ် စနစ်ကို တီထွင်နိုင်ခဲ့ပြီး 2003 ခုနှစ်၊ ဇန်နဝါရီလတွင် etrademyanmar.com ၌ ပထမဦးဆုံး စတင် အသုံးပြုနိုင်ခဲ့သည်။ ကိုငွေထွန်းသည် မြစေတီယူနီကုဒ်ကို ရန်ကုန်မြို့ရှိ စာချုပ်စာတမ်းများ မှတ်ပုံတင်ရုံးတွင် ကုန်အမှတ်တံဆိပ် မှတ်ပုံတင်ပြီး တရားဝင်သုံးစွဲခဲ့ကြောင်း သိရှိရသည်။
2002 ခုနှစ်တွင် မြန်မာနိုင်ငံ၌ အတည်မပြုနိုင်သေးသည့် ယူနီကုဒ်စနစ်ကို မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ်မှ တာဝန်ယူ လုပ်ဆောင်ကြရန် ဝိုင်းဝန်း တိုက်တွန်းကြပါသည်။ ယူနီကုဒ်စနစ်ကို နိုင်ငံတော်စံတစ်ခုအနေဖြင့် အသုံးပြုနိုင်ရေးအတွက် လုပ်ငန်းစတင်ရန် ဘဏ္ဍာရေးအထောက်အပံ့များ စတင်ရှာဖွေခဲ့ကြသည်။ နိုင်ငံတော်အကြီးအကဲများသည် မြန်မာ့စံယူနီကုဒ်ဖြစ်မြောက်ရေးအတွက် ကျပ်သိန်း ၅၀ ကို စတင်ထောက်ပံ့ပေးခဲ့ပါသည်။ ဤသို့ဖြင့် Myanmar Unicode and NLP Research Centre ကို မြန်မာနိုင်ငံ ကွန်ပျူတာ သင်းချုပ်ကြီး၏ အစီအမံဖြင့် ဖွဲ့စည်းနိုင်ခဲ့သည်။ ထို့ကြောင့် NLP အဖွဲ့ကြီးသည် 2002 ခုနှစ်မှစတင်ပြီး နိုင်ငံတော်အတွက် ယူနီကုဒ်တာဝန်များကို အချိန်ပြည့် တာဝန်ယူ လုပ်ဆောင်ခဲ့သည် ဟု ဆိုနိုင်သည်။
ကွန်ပျူတာသုံး မြန်မာစာစနစ် အကောင်အထည်ဖော်ခြင်းအဖွဲ့ (Myanmar Unicode and NLP Research Centre)
မြန်မာစာစနစ်အကောင်အထည်ဖော်ခြင်းအဖွဲ့ကို NLP ဟုလည်း ခေါ်ကြသည်။ NLP ဆိုသည်မှာ Natural Language Processing ကို ခေါ်ဆိုခြင်းဖြစ်သည်။ NLP အဖွဲ့ကြီးသည် NGO (non-government organization) တစ်ခု ဖြစ်သလို NPO (non-profit organization) အဖွဲ့လည်း ဖြစ်သည်။ ကိုယ်ကျိုးမဖက် အများအကျိုးသက်သက် သို့မဟုတ် နိုင်ငံတော်အကျိုးအတွက် သက်သက် ဆောင်ရွက်နေသည့် အဖွဲ့ကြီးဟူ၍လည်း ဆိုနိုင်ပေသည်။
NLP ကို 2003 ခုနှစ်၊ နိုဝင်ဘာလ ၂၇ ရက်နေ့တွင် စတင်ဖွဲ့စည်းနိုင်ခဲ့ပြီး အဖွဲ့ဝင် 17 ဦးဖြင့် အကောင်အထည်ဖော်နိုင်ခဲ့သည်။ 2003 ခုနှစ် နိုဝင်ဘာလမှစပြီး Pentium IV Server ကွန်ပျူတာတစ်လုံးတပ်ဆင်ကာ မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ် ရှိ Incubation Center တွင် မြန်မာယူနီကုဒ်စနစ်ကို စတင်လုပ်ဆောင်ခဲ့ကြသည်။
NLP အဖွဲ့တွင် မြန်မာစာစနစ်ကို အကောင်အထည်ဖော်နိုင်ရန်အတွက် အဖွဲ့၏ကြီးကြပ်မှုအောက်တွင် အချိန်ပြည့် ပရိုဂရမ်မာ (၃) ဦး၊ မြန်မာစာ မဟာဝိဇ္ဇာဘွဲ့ရ (၃) ဦး၊ မြန်မာစာ မဟာဝိဇ္ဇာတန်းတက်ရောက်နေသူ (၂)ဦးတို့နှင့် ခန့်ထားပြီး စတင်လုပ်ဆောင်ခဲ့ကြသည်။
မြန်မာတစ်မျိုးသားလုံးအသုံးပြုရန် စံအဖြစ်လုပ်ဆောင်ကြရသည်ဖြစ်သောကြောင့် မြန်မာယူနီကုဒ်ဖြစ်မြောက်ရေးအဖွဲ့တွင် နည်းပညာအရရော၊ မြန်မာစာစနစ်ဆိုင်ရာအတွက်ပါ မြန်မာစာအဖွဲ့မှ တတ်ကျွမ်းသူ ပညာရှင်များနှင့် ဖွဲ့စည်းထားခဲ့ပါသည်။ မြန်မာစာအဖွဲ့မှ ညွှန်ကြားရေးမှူးချုပ် ဦးစံလွင်၊ မြန်မာစာအဖွဲ့ဝင် ဦးထွန်းတင့် ၊ သမိုင်းအဖွဲ့ဝင် ဦးသော်ကောင်းတို့ ပါဝင်ကြသည်။ ကွန်ပျူတာနည်းပညာအတွက် ပညာရှင်များဖြစ်သော ဦးသိန်းထွဋ်၊ ဦးဇော်ထွဋ်၊ ဦးငွေထွန်း၊ ဦးဝေလင်းကျော် တို့က စိတ်ရောကိုယ်ပါ ယနေ့တိုင် အကူအညီပေး ဆောင်ရွက ဦးဝေလင်းကျော် တို့က စိတ်ရောကိုယ်ပါ ယနေ့တိုင် အကူအညီပေး ဆောင်ရွက်လျက် ရှိကြသည်။ အတွင်းရေးမှူးမှာ ဒေါက်တာ ဒေါ်မြင့်⁠မြင့်သန်း ဖြစ်သည်။
‪#‎Togethermobile‬ (Amarapura ု